မြားနီနည်းပညာပေးအဖွဲ့သည် တပိုင်တနိုင်စိုက်ပျိုးသော လုပ်ကွက်ငယ်တောင်သူများအတွက် အကူအညီပေးရန် တည်ထောင်ထားသော မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် ဟင်းသီးဟင်းရွက် စျေးကွက်ကိုဦးဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိန္ဒိယ၊အာဖရိက၊ လက်တင်အမေရိကနိုင်ငံများတွင်လည်း ဈေးကွက်ချဲ့ထွင်လျက် ရှိသည်။
၂၀၁၉ ခုနှစ်တွင် မြားနီကုမ္ပဏီ၏ တည်ထောင်သူ မစ္စတာ ဆိုင်မွန်ဂရု သည် The World Food Prize (ကမ္ဘာ့စားနပ်ရိက္ခာဆု) ကိုရရှိခဲ့ပါသည်။
ထို့အပြင် ၂၀၁၉ခုနှစ်တွင် မြားနီကုမ္ပဏီသည် မျိုးစေ့ ပံ့ပိုးပေးနိုင်မှု ညွန်းကိန်းများအရလည်း ပထမနေရာတွင်ရပ်တည်ခဲ့တွင်ပါသည်။ မြားနီကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တရားဝင် နိုင်ငံတကာ ကုမ္ပဏီတစ်ခု အဖြစ် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သော်လည်း
၂၀၀၀ခုနှစ်တွင် ကုမ္ပဏီ၏အဓိကလုပ်ငန်းဆောင်တာတစ်ခုအနေဖြင့် ထိရောက်သော နည်းပညာသင်တန်းများပို့ချပေးသည့် အစီအစဉ်များဖြင့် တောင်သူများစွာကို ကူညီပေးခဲ့သည်။
အဓိကအားဖြင့် မဖွံ့ဖြိုးသေးသောဒေသများမှ လုပ်ကွက်ငယ်တောင်သူများ၏ စိုက်ပျိုးရေးနည်းစနစ်များကို အဆင့်မြှင့်တင် သင်ကြားပေးလျက်ရှိသည်။
တောင်သူများအတွက် ဝင်ငွေတိုးပွားလာနိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် အရည်အသွေးပိုမိုကောင်းမွန်သောစိုက်ပျိုးရေးသွင်းအားစုဈေးကွက်များကို လက်လှမ်းမှီလာနိုင်စေရန်နှင့်စေရန်နှင့်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးနှုန်းသက်သာသောဟင်းသီးဟင်းရွက်များကို လူတန်းစားမရွေးလက်လှမ်းမှီလာနိုင်ခြင်း စသည်တို့ကိုဖော်ဆောင်နိုင်သွားမည်ဖြစ်သည်။
ထို့အပြင် မြားနီနည်းပညာပေးအဖွဲ့သည် မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းသင်တန်းများ၊ စံပြစိုက်ခင်းများဖော်ဆောင်ခြင်း စသည့်စီမံကိန်းများကိုကို ဆောင်ရွက်နေခဲ့သည်မှာ ၁၀နှစ်ခန့်ပင်ရှိပြီဖြစ်သည်။
မြှားနီနီနည်းပညာပေးအဖွဲ့အနေဖြင့် စီးပွားဖြစ် မျိုးစေ့လုပ်ငန်း အခြေခံမရှိသေးသော နေရာဒေသများတွင်၎င်းတို့၏စီမံကိန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPR နှင့် မြားနီနည်းပညာပေးအဖွဲ့တို့ ပူးပေါင်းဆောက်ရွက်လျက်ရှိသည့် တောင်သူများအားသင်တန်းပေးခြင်း၊ စံပြစိုက်ခင်းများဖော်ဆောင်ခြ်း စသည့်လုပ်ဆောင်ချက်များသည် အကျိုးရှိပြီးအောင်မြင်လျက်ရှိသည်ကို အခိုင်အမာတွေ့ရှိရသည်။
သည် နယ်သာလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အကြံပေးကုမ္ပဏီတခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
Fresh Studio ဗီယက်နမ် ရုံးခွဲကို ရေရှည်တည်တံ့သော စိုက်ပျိုးရေး ကဏ္ဍဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် ပညာရှင် လူနည်းစုဖြင့် စတင်တည်ထောင်ခဲ့ပါသည်။
Fresh Studio သည် ဖြန့်ဖြူးခြင်း၊ ပြင်ဆင်ထုတ်လုပ်ခြင်း နှင့် လက်လီရောင်းချခြင်း လုပ်ငန်းများကို ကမ္ဘာ့ စျေးကွက်အပါအဝင် ပုဂ္ဂလိက ကဏ္ဍ အတွက် လုပ်ဆောင်ပေးပါသည်။
ယခုအခါ တွင် Fresh Studio သည် စိုက်ပျိုးရေးထွက်ကုန် ရင်းမြစ်များ ရှာဖွေခြင်းနှင့် စျေးကွက်ချဲ့ထွင်ခြင်းအတွက် အရှေ့တောင်အာရှ၏ ထိပ်တန်းအတိုင်ပင်ခံကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာခဲ့ပါပြီ။
Fresh Studio သည် ယခုလက်ရှိတွင် ဝန်ထမ်းဦးရေ 100 ကျော် ၊ ရုံးခွဲ ပေါင်း လေးခု ၊ R&D သုတေသန စိုက်ခင်းတစ်ခု၊ ဟင်းသီးဟင်းရွက် သစ်သီး နှင့် ငါးများ စုဆောင်းသိုလှောင်ရန် စင်တာကြီး သုံးခုဖွင့်လှစ် တည်ဆောက်ထားပြီး အရည်အသွေးမြင့်မား၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော ထုတ်လုပ်မှုနည်းစနစ်များကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခိုင်မာသော ရည်မှန်းချက်များဖြင့် လုပ်ဆောင်လျှက် ရှိပါသည်။
Fresh Studio သည် မြန်မာနိုင်ငံတွင် 2016 ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးပညာရှင်များ ၊ စိုက်ပျိုးစီးပွားဆိုင်ရာပညာရှင်များ ၊ အစားအစာပြင်ဆင်ထုတ်လုပ်ခြင်းဆိုင်ရာ ပညာရှင်များ နှင့် စီးပွားရေး ဆိုင်ရာပညာရှင်များ စသည့် ပညာရှင်အဖွဲ့ဝင် ၁၀ ဦးဖြင့်ဖွဲ့စည်းထားပါသည် ။
Fresh Studio သည် ရန်ကုန် ရုံးခွဲအပြင် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တွင် ဒေသခံပညာရှင်တစ်ဦး တိုးချဲ့ခန့်အပ်ထားရှိပါသည်။
Fresh Studio သည် ဟင်းသီးဟင်းရွက်၊ ပြောင်း၊ ဟင်းခတ်အမွှေးအကြိုင် နှင့် သရက်သီး တို့အပြင် မကြာသေးမီက အာလူးသီးနှံအတွက် စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်ဆိုင်ရာ စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။
စိုက်ပျိုးမှုအလေ့အထများ ပိုမိုကောင်းမွန်လာစေရန် ဟင်းသီး ဟင်းရွက် စီမံကိန်း နှင့် ပြောင်းစီမံကိန်းများတွင် မြန်မာနိုင်ငံ GAP စံနှုန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်း နှင့် စျေးကွက်ချိတ်ဆက်ခြင်းတို့ကို အဓိကထားဆောင်ရွက်ခဲ့ပါသည်။