EAT VEG Effective Agri Techniques for Vegetables ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများအတွက် ထိရောက်သော စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေခြင်းစီမံကိန်း (EAT VEG)သည်တစ်နှစ်တာ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများအား လေ့ကျင့်ပေးသည့်စိုက်ပျိုးရေးဆိုင်ရာလေ့ကျင့်သင်တန်းပေးသူများနှင့်အကြံပေးသူများအား စွမ်းဆောင်ရည် မြှင့်တင်ရေး တို့ကို အဓိကအလေးထားလုပ်ဆောင်လျက်ရှိသည်။ ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်လုံခြုံရေး၊ အာဟာရဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးစသည့်တို့အတွက် လက်ရှိတွေ့ကြုံနေရသည့်အတွေ့အကြုံများကို အခြေခံပြီးဖြစ် ပေါ်လာသောအကြောင်းအရာများကို၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေသူများမှတစ်ဆင့် စိုက်ပျိုးရေး အသိပညာများအနေဖြင့် မျှဝေနိုင်စေရန်ဖြစ်သည်။စီမံကိန်းဆောင်ရွက်ချက်များတွင် သင်တန်းဆရာများအဖြစ်လေ့ကျင့်ပေးခြင်း၊ စံပြတောင်သူများအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် လူထုအခြေပြုနည်းပညာဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ရန် လက်တွေ့ကွင်းဆင်း လေ့လာဆောင်ရွက်ခြင်းနှင့် ကွင်းသရုပ်ပြပွဲများ စသည်တို့ပါဝင်သည်။ ထို့အပြင် အခြားနည်းဗျူဟာတစ်ခုဖြစ်သည့် အွန်လိုင်းမှတစ်ဆင့်နည်းပညာဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အတွက် ထောက်ခံအကြံပြုထားသော အဆင့်မြင့်နည်းပညာများအား အများပြည်သူကြည့်ရှုနားလည်နိုင်သော ဗီဒီယိုများအဖြစ်မှတ်တမ်းတင်ဆောင်ရွက်ကာ ဝဘ်ဆိုက်တစ်ခုဖြစ် အသုံးပြုမည်ဖြစ်သည်။ ယခုလှုပ်ရှားမှု စီမံကိန်းသည် တစ်နှစ်သာ ကြာမြင့်သော်လည်း အာရှနိုင်ငံအားလုံးတွင် အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်အချက်အလက်များ အမြောက်အမြားကို လာမည့်နှစ်များတွင် ထုတ်ဝေပေးမည်ဖြစ်သည်။ Our activities လေ့ကျင့်ရေး ဒီမိုနှင့် သင်ယူမှု ဇာတ်ကွက်များ ဗီဒီယိုထုတ်လုပ်ရေး Our products သခွားသီး ဘူးသီး ဆလတ်ရွက် ငရုတ်ကောင်း အာလူး ခရမ်းချဉ်သီး